About Department
ရည်ရွယ်ချက်
- ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရာတွင် လိုအပ်သည့် အရည်အချင်းပြည့်ဝသော ဥပဒေပညာရှင်များ ပေါ်ထွန်းလာစေရန်
- ဥပဒေပညာသာမက အင်္ဂလိပ်ဘာသာရပ် နှင့် နိုင်ငံတကာ အဆင့်မီ ခေတ်မီနည်းပညာ များကိုအသုံးချနိုင်သည့် လူ့စွမ်းအား အရင်းအမြစ်များ တိုးတက်ဖြစ်ပေါ်လာစေရန်
- အဝေးသင်တက္ကသိုလ်များ၏မျှော်မှန်းချက်တွင်ပါဝင်သည့် သင်ယူမှုအခွင့်အလမ်း (learning opportunities) များကို တိုးချဲ့ဖန်တီးပေးခြင်းဖြင့် အရည်အသွေးမြင့်မားသောလူ့စွမ်းအား အရင်းအမြစ်များမွေးထုတ်ပေးရန်
- ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာအဝေးသင်တက္ကသိုလ် (open university) များနည်းတူ Online Education System ကိုအသုံးပြု၍ ဘွဲ့ ဒီဂရီသင်တန်းများ ဖွင့်လှစ် ပို့ချနေပြီ ဖြစ်ကြောင်းပြသရန်
သင်တန်းအမျိုးအစား
- ဥပဒေပညာဘွဲ့ သင်တန်း (Online LLB)
သင်တန်းဝင်ခွင့်အရည်အချင်း
- တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး Online ဥပဒေပညာသင်တန်း တက်ရောက်ရန် အမှတ်မီသူဖြစ်ရမည်။
(တက္ကသိုလ်ဝင်တန်းအောင်မြင်သည့်အမှတ်ပေါင်း ၃၅၀ နှင့်အထက် ရရှိ၍ အင်္ဂလိပ်စာတွင် အမှတ် (၅၀)နှင့် အထက်ရရှိသူ) (သို့မဟုတ်) - ဥပဒေဘွဲ့မှအပ အခြားဘွဲ့ တစ်ခုခုရရှိပြီးသူများ (ပထမနှစ်မှ စတင်တက်ရောက်ရမည်)
သင်တန်းသားဦးရေ
- သင်တန်းသားဦးရေ (၂၀ဝ)
သင်တန်းကာလ
- သင်တန်းကာလ - ပထမနှစ် မှ ပဉ္စမနှစ်ထိ (၅) နှစ်
သင်တန်းနှစ် တစ်နှစ်အတွက် semester (၂) ခု
ပထမနှစ်ဝက်ကာလ - နှစ်စဉ် ဒီဇင်ဘာလ မှ မတ်လ အထိ (၄ - လ)
ဒုတိယနှစ်ဝက်ကာလ - နှစ်စဉ် ဇွန်လ မှ စက်တင်ဘာလ အထိ (၄ - လ)
သင်တန်းကြေး
သင်တန်းနှစ် တစ်နှစ်အတွက်
(က) မှတ်ပုံတင်ကြေး - ၁၀,ဝ၀ဝိ/- (ကျပ်တစ်သောင်းတိတိ)
(ခ) သင်တန်းကြေး - module တစ်ခုလျှင် ၂၅,ဝ၀ဝိ/- ဖြင့် module (၁၂) ခု အတွက် ၃ဝဝ,ဝ၀ဝိ/- (semester တစ်ခုလျှင် module (၆) ခု အတွက် ၁၅ဝ,ဝ၀ဝိ/-)
(ဂ) စာမေးပွဲကြေး - ၃၆,၀၀ဝိ/ ကျပ်တိတိ
ဝင်ခွင့်လျှောက်ထားခြင်း
- Online အနေဖြင့် ( www.ynou.edu.mm ) Website မှ တိုက်ရိုက်လျှောက်ထားနိုင်ပါသည်။
သင်ကြားပို့ချမည့်ဘာသာရပ်များ
- Law
- Myanmar
- Aspects of Myanmar
- English
- Economics ( Principles of Microeconomics & Principles of Macroeconomics)
- Philosopy
- Psychology
သင်ကြားမည့်ပုံစံ
- Online Teaching အတွက် သင်ကြားပို့ချမည့် သင်ခန်းစာများကို ဆရာ၊ ဆရာမ များက ရေးသားပြုစုခြင်း ၊ ရုပ်/သံ ရိုက်ကူးခြင်းများပြုလုပ်ပြီး Lecture Box တွင် download ပြုလုပ်နိုင်ရန်တင်ထားခြင်းဖြင့် ကိုယ်တိုင်သင်ယူလေ့လာစေခြင်း
- သင်ခန်းစာများကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် သင်ကြားပို့ချလျက်ရှိသော်လည်း စာမေးပွဲဖြေဆိုရာတွင် အင်္ဂလိပ်ဘာသာဖြင့်သာ ဖြေဆိုစေခြင်း
- Assignment များကို သတ်မှတ်ထားသောရက်အတွင်း online မှ ဖြေဆို တင်သွင်းစေခြင်း
- Tutorial ဖြေဆိုရာတွင် သတ်မှတ်ထားသောရက်နှင့်အချိန်အတွင်း ဖြေဆိုရခြင်း
စာမေးပွဲစစ်ဆေးခြင်း
- စာမေးပွဲများကို သတ်မှတ်ထားသောရက်များအတွင်း ရန်ကုန်အဝေးသင်တက္ကသိုလ် online exam center တွင်လာရောက်ဖြေဆိုရမည်ဖြစ်ပါသည်။